CE Analysis Version 6


 CE Analysis Version 6
Civil engineerတွေအတွက် CE version 6 တင်ပေးလိုက်ပါတယ်။
version 6 မှာပါဝင်တဲ့အကြောင်းအရာများ။

1.CE Mini Tools

Superelevation for highway
Superelevation for railway
Expansion joint
Basic Knowledge
Quiz
Mix Design
Ebooks(26 အုပ်)
Geometry shape 2d(Area)
Geometry shape 3d(Volume)

2.RC Structure 

Axial force
Square footing 
Combined footing
Column
Beam
Two way slab
Stair

3.Analysis of rates(MOC)

Brickwork
Concrete(Hand mixed)
Concrete(Machine mixed)
Earthwork
Floor work
Plastering
Painting 
4.Soil 
Bearing Capacity(General shear @ dense soil) စသည်ဖြင့်ပါဝင်ပါတယ် ။

version 6 ရေးဖို့ ကျွန်တော် နည်းနည်းပိုပင်ပါတယ် ။
ဘာကြောင့်လဲဆိုတော့ အစအဆုံးပြန်ရေးထားရလို့ပါ ။ အရင် cepro and beta version
မှာ ဖြစ်တတ်တဲ့ force stop ပြသ်သနာကိုလည်းဖြေရှင်းပြီးပါပြီး ။
CE application  မှာfunction တွေပိုများလာတော့မှာဖြစ်ပြီး
နေရာအထားအသိုတွေမျက်စိမလည်အောင် ဖြေးဖြေးချင်းပဲ ပြောင်းသွားပေးပါ့မယ် ။
version မြင့်လေ လုပ်ဆောင်ချက်တွေပိုမြင့်လေပါပဲ ။


CEP
(Civil engineering and programming)

Application ထဲမှာ သင်တန်းတွေလည်းဖွင့်ပေးသွားမှာဖြစ်ပါတယ် ။
နယ်မှာပဲဖြစ်ဖြစ် ရန်ကုန်ပဲဖြစ်ဖြစ် တောထဲပဲရောက်ရောက် ပညာရပ်တွေကို
အလွယ်တကူလေ့လာလို့ရအောင် မြန်မာလို သင်ခန်းစာတွေထည့်ပေးသွားမှာပါ။
ဥပမာ structure လက်တွက် ၊ etabs , safe ,ASD ,revit ,excel  , sketchup and autocad
စသည်ဖြင့် သင်ခန်းစာတွေ ကို version 7 ကနေစပြီး တစ်ခုချင်းထည့်ပေးသွားပါမယ် ။
နောက်ပြီး လက်တွက်က structure မှမဟုတ်ပါဘူး ကျွန်တော်အခုapplication ထဲမှာထည့်ထားတဲ့
တွက်ချက်မူတွေကိုပါ အကုန်ပြန်ရှင်းပြပေးသွားမှာပါ ။
နောက်ပြီး program ရေးဖို့စိတ်ဝင်စားတဲ့သူတွေရှိရင်လည်းလေ့လာနိုင်အောင် CEP( Civil engineering and programming) သင်တန်းလည်းထည့်ပေးသွားပါ့မယ် ။  Structure ပိုင်းကို program ရေးချင်ရင်
structure လက်တွက်မရဘဲရေးလို့မရပါဘူး ။ soil အပိုင်းရေးချင်ရင်လည်း လက်တွက်မရဘဲရေးမရပါဘူး။
သင်တန်းကြေးတော့ မသတ်မှတ်ရသေးပါ ။ အများကြီးလည်း မတောင်းပါ ။ဘာကြောင့်လဲ ။
 time management ပါ ကျွန်တော် က application ထဲကနေပဲသင်လို့ အပြင်မှာသင်သလို
အချိန်ခဏခဏပြန်မပေးရတဲ့အတွက် သင်တန်းကြေးအနည်းငယ်သာယူချင်းဖြစ်ပါတယ် ။
နောက်ပြီး ပညာရပ်တွေလေ့လာဖို့ ငွေကြေးက အဟန့်အတားတစ်ခုဖြစ်တာမျိုးလည်းမဖြစ်စေလိုပါ။
အဓိက က ပညာရပ်တွေလေ့လာပြီး တိုးတက်အောင် ဖန်တီးနိုင်ဖို့ပါ ။ ကျွန်တော့်မှာလည်း
အသက်တစ်ချောင်းပဲပါတာပါ နောက်လာမယ့် မျိုးဆက်သစ်တွေကို အတက်နိုင်ဆုံးလက်ဆင့်ကမ်း
ပေးသွားချင်ပါတယ် ။
ကျွန်တော်လည်းနောက်ထက် လေ့လာစရာတွေအများကြီးထက်လေ့လာဖို့နည်းပညာတွေ update
လုပ်ဖို့ပိုပြီးအချိန်ပိုရပါတယ်။version 7 က 2018 ထဲကို 1 လပိုင်းကုန်ခါနီးလောက်ထုတ်နိုင်အောင် ပြင်ဆင်နေပါတယ် ။


သင်တန်းမတက်ဖြစ်လို့ application ကိုပဲသုံးမယ်ဆိုရင်လည်း အကြောင်းအရာတွေကို မိမိဘာသာ
လေ့လာပြီးတော့ သုံးစေချင်ပါတယ် ။
ဥပမာ
superelevation  တွက်ဖို့အတွက်ဆိုရင်အခုကျွန်တော်input data တောင်းထားတာက  ကားရဲ့ maximum speed , radius curves and road breadth သုံးခုကိုသာတောင်းထားပြီး ဒီသုံးခုရိုက်ထည့်တာနဲ့ superelevation ဘယ်လောက်ထားရမယ်ဆိုတာအဖြေပေးပါတယ် ။
ဒါပေမယ့် ကျွန်တော်တို့က အင်ဂျင်နီယာတွေပါ ။ အဖြေရဖို့အတွက်ပဲ မဟုတ်ပဲ
ဒီထက်ပိုပြီးလေ့လာသင့်ပါတယ် ။

Superelevation တွက်ဖို့ အရင်ဆုံး centripetal and centrifugal ကိုစပြီးလေ့လာသင့်ပါတယ် ။
centripetal and centrifugal  ကဘယ်လိုလည်းဆိုရင်(CEM မှရှင်းလင်းချက်)

ဥပမာ လူတစ်ယောက်က ပုံးတစ်ပုံးကို ကြိုးနဲ့ချီထားပြီး ပုံးကိုရမ်းပြီးလှည့်ပါ့မယ်။

သူလှည့်နေတဲ့ ပတ်လမ်းအတိုင်း ပုံးက လည်ပတ်နေပါလေ့မယ် ။အဲအချိန်မှာ ဖြစ်လာတဲ့ အရှိန်ဟာ
centripetal acceleration လို့ခေါ်ပါတယ်။ပုံမှာပြထားသလို ဗဟိုဘက်ကို ဦးတည်နေတဲ့ force ကို
centripetal force လို့ခေါ်ပါတယ် ။
Centrifugal force ဆိုတာက ဥပမာအဲ့ပုံးထဲမှာပိုးကောင်တစ်ကောင်ရှိခဲ့မယ်ဆိုရင် ပုံးကိုလှည့်ရမ်းတဲ့အရှိန်ကြောင့် အဲ့ပိုးကောင်က ပုံးရဲ့အတွင်းဘက်အောက်ခြေမှာသွားကပ်နေပါလေ့မယ် ။ ပိုးကောင်က ပုံးကနေ အပြင်ဘက်ကို ဦးတည်တဲ့ force တစ်ခုသက်ရောက်ခံနေရလို့ပါ ။အဲ force ကို centrifugal force လို့ခေါ်ပါတယ် ။

 ဒီ force တွေကို အခြေခံပြီး superelevation ကိုတွက်ချက်ခြင်းဖြစ်ပါတယ် ။





Comments

Popular posts from this blog

Drift ratio (Deta)

CIVIL ENGINEERING ALL COLLECTION

Types of Joints in Concrete Constructions